Why is ReactJS hard and our "Intensive Paid ReactJS Bootcamp"

Information and FAQs for our upcoming 3-month full React course

·

2 min read

Why is ReactJS hard and our "Intensive Paid ReactJS Bootcamp"

ReactJS လေ့လာရတာ ဘာကြောင့်ခက်ခဲလဲ?

  • အဓိကအားဖြင့် JavaScript language ကို အခြေခံမပိုင်နိုင်ခဲ့လို့၊ YouTube video တွေကတဆင့် အလွယ်နည်းနဲ့ လေ့လာခဲ့လို့၊ ဒါမှမဟုတ်
  • React tutorial နဲ့ Course အများစုက React ရဲ့ Core feature တွေကို နားလည်အောင် သင်မပေးဘဲ App တစ်ခု အစကနေ အဆုံးထိရေးနိုင်အောင် Industry မှာသုံးတဲ့ Tool တွေအကုန် တစ်ခါတည်း သင်နေကြလို့ ဖြစ်ပါတယ်။ ဒီအခါ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ How ကိုသိတယ်။

ဒါပေမယ့်

  • ❌ ဘာကြောင့်ရေးရတာလဲ၊ ဒီ Concept တစ်ခုရဲ့ တကယ့်လက်တွေ့သုံးတဲ့ပုံစံက ဘာလဲဆိုတဲ့ Why ကို မသိပါဘူး။
  • ❌ ပြီးတော့ Pure JavaScript နဲ့ Pure React ရဲ့ Core feature တွေကို သေချာနားမလည်တော့ဘူး။
  • ❌ Official documentation ကို အားမကိုးဘဲ Tutorial တွေကိုပဲ အားကိုးတဲ့အခါ သူများသင်ပေးသလောက်ပဲရပြီး ကိုယ်တိုင်လုပ်ဖို့ Creative မဖြစ်တော့ဘူး။

ဒီအခါ တကယ့် Projectတွေထဲ ဝင်ရေးရတဲ့အခါမှာ ဘယ်ကစရမလဲ၊ ဘာဆက်လုပ်ရမလဲ၊ သင်ထားတာတွေထဲက ဘယ်ဟာသုံးပြီး ဒီ Task ကိုလုပ်ရမလဲ၊ ဒါလေးတွေတစ်ခုချင်းကရော ဘယ်လိုအလုပ်လုပ်တာလဲ စတဲ့ မေးခွန်းတွေပဲ ထွက်လာပါတယ်။

ဒီ Bootcamp မှာတော့ အခုလို အခက်အခဲတွေ မဖြစ်အောင် စကတည်းက webpack, babel, graphql, nextjs, redux, styled-components စတာတွေ အကုန်ထည့်မသင်သေးဘဲ

  • ✅ JavaSciptနဲ့ React JSရဲ့ built-in featureတွေကိုနားလည်အောင် Mini project လေးတွေနဲ့ သင်ပါတယ်။
  • ✅ လိုအပ်တာတွေ နားလည်ပြီဆိုမှသာ လိုတဲ့နေရာလိုတဲ့ Tool လေးတွေထည့်ဖြည့်သင်ပြီး Full-featured real world appတစ်ခုကို စနစ်တကျသင်ပါတယ်။
  • ✅ အရေးကြီးဆုံးအချက်ဖြစ်တဲ့ “How” အစား “Why” ကိုသင်တယ်။
  • ✅ Database basics တွေကို Introduction သင်ပါမယ်။
  • ✅ Backend API နဲ့ကောင်းကောင်း အလုပ်လုပ်တတ်အောင် Large project သင်တဲ့အခါ headless CMS ကို သုံးပြီး Full stack e-commerce project တစ်ခုကိုရေးမယ်။
  • ✅ နောက်ထပ် UI Design ကောင်းတဲ့ Developer တွေဖြစ်အောင် UI/UX Fundamentals နဲ့ Figma ကိုလည်း Guest tutor ဆရာမြတ်မင်းလူဆီက သင်ယူခွင့်ရမှာဖြစ်ပါတယ်။

မကြာခင်မှာစတော့မယ့် Advanced front-end development with ReactJSအတန်းအတွက် သိလိုကြတာတွေကို ဒီမှာဖြေလိုက်ပါတယ်။

What is the Course Outline?

pure javascript and pure react first, and then the tools

  • JavaScript refresher (solid foundation)
  • How to learn a framework
  • Why React over JavaScript and the benefits?
  • “Understanding” React fundamentals
  • Reusability
  • Performance
  • State Management with context api
  • UI/UX fundamentals and Figma
  • Database introduction for front-end devs
  • Working with backend APIs
  • CSS in JS
  • backend API with a Headless CMS
  • Pagination, client-side filtering, server-side filtering
  • Authentication
  • 4+ tiny apps to understand React core features
  • 1 medium project (Job posting, hiring web app like tokyodev.com)
  • JavaScript data structures and algorithms weekly practice ⭐️
  • 1 large project (real-world e-commerce) ✨
  • Full-featured final student project 🎉

What are the Prerequisites?

  • HTML, CSS
  • JavaScript Fundamentals (prefer but also included in the course)

✨ ဒီအတန်းပြီးသွားရင် ဘာဆက်လုပ်လို့ရပြီလဲ?

  • ဒါပြီးရင် Y.E.C Company က Real-world client project တွေကို လက်တွေ့ဝင်ရောက်ရေးသားရမယ့် CreaThit ရဲ့ OJT program ကို ဆက်ပြီး Join နိုင်မယ်။ (or)
  • OJT, Intershipတို့နဲ့ အလုပ်ခေါ်တဲ့companyတွေကို ဝင်လျှောက်လို့ရမယ်
  • အလုပ်လျှောက်တဲ့အခါမှာ employerတွေလိုချင်တဲ့အချက်တွေကို ကိုက်ညီအောင် portfolio checkပေးတာမျိုးတွေ၊ အလုပ်လိုအပ်ချက်အရ ထပ်လေ့လာချင်တာမျိုးရှိရင် instrutorတွေကို အချိန်မရွေးလာတိုင်ပင်ပြီး မေးလို့ရပါမယ်။

Duration and Time

  • 3 months
  • 6:00pm to 8:00pm (from Mon-Fri)

Course Fee

  • 270,000 MMK

I am interested. Where can I enroll?

DM -> m.me/creathit.mm

CreaThit teamက သင်တန်းအပ်တဲ့processကိုလုပ်ပေးပါလိမ့်မယ်။

Is there any Scholarship program or Student Discount?

  • လက်ရှိမှာ publicကြေငြာထားတာမရှိသေးပါ။
  • ကိုယ့်အရည်အချင်းကိုယ်ယုံကြည်ရင် သက်သေပြနိုင်ရင် ပြီးတော့ သင်တန်းအစ အဆုံး စိတ်ပါဝင်စားမှုအပြည့်နဲ့ အကျိုးရှိရှိလုပ်နိုင်မယ်ဆိုတာသေချာရင် instructorဆီလာတိုင်ပင်ပြီး တတ်နိုင်သလောက်ပမာဏကို ပွင့်ပွင့်လင်းလင်းညှိနှိုင်းနိုင်အောင် စီစဥ်ပေးပါတယ်။
    DM -> m.me/thethmuueinsoe