Browserမှာ web addressတစ်ခုကို typeပြီးဝင်လိုက်ရင် ရှေ့ကနေ http:// (or) https:// တစ်ခုခု အလိုလိုထည့်ပေးသွားတာ သတိထားမိမှာပါ။ ဒါဘာလဲ၊ web pageတစ်ခုမှာ သူက ဘာအလုပ်လုပ်လဲ ဆိုတာ ကြည့်ရအောင်။
HTTP = Hypertext Transfer Protocol ( Hypertext နဲ့ ကျနော်တို့သုံးနေကျ သာမာန်textတွေနဲ့ ဘာကွာလဲဆိုရင် hypertextက အခြားresourceတစ်ခုဆီ linkချိတ်ပေးနိုင်ပါတယ်။ ဥပမာ - HTMLပေါ့။ Protocolကို a set of rules (or) လုပ်ငန်းစဥ်လို့မှတ်ယူနိုင်ပါတယ်။)
HTTP ဆိုတာ စာတွေ image, videoစတဲ့ media fileတွေ web pageတွေကို လွှဲပြောင်းပို့ပေးဖို့ သုံးတဲ့ protocolတစ်ခုပါ။ client - server ဆက်သွယ်မှုတွေက HTTPကိုသုံးပြီးလုပ်ပါတယ်။
ကျနော်တို့ Internetချိတ်ပြီး လုပ်လိုက်တဲ့အရာမှန်သမျှက request - response ဆိုတဲ့ cycle🔄လေးတွေပါပဲ။ Facebook appကိုဖွင့်လိုက်တာ(request) အဲ့ဒီနောက် postတွေ ပေါ်လာတာ(response) Likeနှိပ်လိုက်တာ(request) ကိုယ်Likeနှိပ်လိုက်တာကို Serverမှာ သွားသိမ်းတာ(response)။ Clientမှာ လုပ်တဲ့ requestကို Serverက responseပြန်ပေးပါတယ်။
“HTTPS”
သူကတော့ HTTPရဲ့ “Secured”🛡️ versionပါ။ HTTPSက Browser နဲ့ Website (client နဲ့ server) ကြားက ဆက်သွယ်ပေးပို့မှုတွေကို TLS(Transport Layer Security)ဆိုတဲ့နည်းပညာနဲ့ encryptလုပ်ပေးပြီးတော့ လုံခြုံရေးတိုးမြှင့်ပေးပါတယ်။ HTTPက ရိုးရိုးplain textအဖြစ်ပဲ ပို့ပေးတယ်။ HTTPSကတော့ encryptedလုပ်ပြီးမှ ပို့ပေးပါတယ်။
( SSL (Secure Socket Layer)ဆိုတဲ့ စကားလုံးလေးကို ကြားဖူးပါလိမ့်မယ်။ TLS က SSLရဲ့ နောက်မှာထပ်ပေါ်လာတဲ့ ပိုကောင်းတဲ့versionပါ။ web serverနဲ့ browserကြားကဆက်သွယ်မှုတွေကို encryptလုပ်ပေးတဲ့ Standard Security နည်းပညာတစ်ခုပါပဲ။ TSL handshakeတို့ SSL certificateတို့ဆိုတာလည်း ကြုံဖူးပါလိမ့်မယ်။ requestတွေ responseတွေကို ဖွင့်ဖတ်ဖို့ Client နဲ့ Serverမှာ keyတစ်ခုစီရှိနေပြီး keyချင်းကိုက်ညီမှပဲ dataလွှဲပြောင်းဖို့ 🤝ခွင့်ပြုတဲ့သဘောပါ။ )
Websiteတစ်ခုမှာ ကိုယ့်ရဲ့Bank Card Informationတွေ Passwordတွေ စတဲ့အရေးကြီးအချက်အလက်တွေ ထည့်ပေးရမယ်ဆိုရင် https ကိုသုံးထားလားဆိုတာ အရင်စစ်ကြည့်သင့်ပါတယ်။ မဟုတ်ရင် ကြားကနေဖြတ်ပြီး အချက်အလက်ခိုးယူတာတွေလုပ်ဖို့ လွယ်ကူသွားတတ်ပါတယ်။
“Request Methods”
GET Serverတစ်ခုကနေ URI (အလွယ်မှတ်ရင် link)တစ်ခုကိုသုံးပြီး dataတွေ ရယူတဲ့ဖတ်တဲ့အခါမှာ GET methodသုံးပါတယ်။ dataကို ဘာမှပြုပြင်တာမျိုးမလုပ်ပါဘူး။
POST Serverဆီကို dataပို့တဲ့အခါမှာ သုံးပါတယ်။ Example: ပုံတင်တာ ကိုယ်ရေးအချက်အလက်တွေ formမှာထည့်တာ။
PUT Serverက dataတစ်ခုကို ပြုပြင်တဲ့ အစားထိုးတဲ့အခါမှာသုံးပါတယ်။
DELETE URIတစ်ခုမှာရှိတဲ့ သက်ဆိုင်ရာ dataတစ်ခုကို ဖျက်ပစ်တဲ့ နေရာမှာသုံးပါတယ်။
HEAD, OPTIONS စတဲ့ methodတွေရှိသေးပေမယ့် ဒီအသုံးများတာတွေ သိထားရင် အဆင်ပြေပါပြီ။
“Response Status Codes”
HTTP requestတစ်ခုပြီးမြောက်လား အောင်မြင်လားဆိုတာကို သက်ဆိုင်ရာstatus codeတွေနဲ့ ပြပါတယ်။
- ℹ️ Informational responses ( 100 – 199 )
- ✅ Successful responses ( 200 – 299 )
- ↪️ Redirects ( 300 – 399 )
- ✖️ Client errors ( 400 – 499 )
400 — Bad Request
404 — Not Found - 🚫 Server errors ( 500 – 599 )
500 — Internal Server Error
503 — Service Unavailable
“HTTP Versions”
Version 0.9 ကနေ စခဲ့တဲ့ HTTPဟာ 1.0, 1.1 တို့ကို ဖြတ်ကျော်ပြီး လက်ရှိမှာတော့ HTTP/2ကို အသုံးပြုနေကြပါတယ်။ နောက်ထပ်လည်း ထပ်ပြီး improvementတွေ ဆက်ရှိနေတုန်းပါပဲ။
ဒါဆို HTTPရဲ့ အခြေခံကိုနားလည်လောက်ပါပြီ။ နောက်တော့ websiteတစ်ခု ဝင်ကြည့်တဲ့အခါ http://, https://စတာလေးတွေမြင်ရရင် သူတို့လုပ်ဆောင်ချက်တွေ ကွဲပြားမှုတွေသိနိုင်ပါပြီ။ Websiteတစ်ခု errorပြတဲ့အခါမှာလည်း status codeလေးတွေနဲ့ အတော်အသင့်ရင်းနှီးသွားပါပြီ။